Home » Activities » ဗန်းမော်တက္ကသိုလ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနား

ဗန်းမော်တက္ကသိုလ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနား

ဗန်းမော်တက္ကသိုလ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို (၅-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာစာဌာနမှ ပါမောက္ခ ဒေါက်တာအေးမိအောင်က “ပီတိရှင်” ကဗျာဖြင့် ရွတ်ဖတ်ဂုဏ်ပြုခြင်း၊ ဒေါက်တာမြင့်မြင့်ထွန်း (ပါမောက္ခ(ဌာနမှူး)၊ မြန်မာစာဌာန)မှ ဆရာတို့၏ ဂုဏ်ကျေးဇူးကြီးမားပုံကို ဟောပြောခြင်း၊ အငြိမ်းစားဆရာမကြီး ဒေါ်ခင်သိန်းအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ စီမံအရာရှိများနှင့် စီမံဝန်ထမ်များ တက်ရောက်ခဲ့ပါသည်။

DSC06423



Back