Home » News » ဗန်းမော်တက္ကသိုလ် ကရုဏာရှေ့ရှု လူမှုကူညီရေးအသင်းမှ ထောက်ပံ့ပစ္စည်းများလှူဒါန်းခြင်း

ဗန်းမော်တက္ကသိုလ် ကရုဏာရှေ့ရှု လူမှုကူညီရေးအသင်းမှ ထောက်ပံ့ပစ္စည်းများလှူဒါန်းခြင်း

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ကရုဏာရှေ့ရှု လူမှုကူညီရေးအသင်းမှ (၇-၈-၂၀၁၉)ရက်နေ့ နံနက်(၉:၀၀)နာရီမှစ၍ တာမိုင်းလုံမူလွန်စာသင်ကျောင်း၊ နမ့်ဖားဘုန်းတော်ကြီးစာသင်ကျောင်း၊ သုခဝတီပညာဒါနကျောင်းတိုက်၊ ပညာတံခွန်ဘုန်းတော်ကြီးပညာရေးကျောင်းသို့ သွားရောက်ကာ စာရေးကိရိယာ ထောက်ပံ့ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ဗန်းမော်တက္ကသိုလ်မှ ဒေါက်တာအောင်ကျော်သင်(ပါမောက္ခချုပ်)၊ သင်တန်းရေးရာဌာနမှူး၊ ကရုဏာရှေ့ရှု လူမှုကူညီရေးအသင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ(၁၂၀)ဦးခန့်သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။

output_vZfivY



Back