Home » News » ကောင်းတုံကျောင်းသားဆောင် (၄)နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား

ကောင်းတုံကျောင်းသားဆောင် (၄)နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ကောင်းတုံကျောင်းသားဆောင် (၄)နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၁-၈-၂၀၁၉)ရက်နေ့ ညနေ (၅:၃၀)တွင် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒေါက်တာအောင်ကျော်သင် (ပါမောက္ခချုပ်)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆောင်မှူးကိုယ်စား ဆရာဉီးဝီလျံ(လက်ထောက်ကထိက၊ ရုက္ခဗေဒ)မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အားကစားထူးချွန်ဆုနှင့် စာပေထူးချွန်ဆု ရရှိသူ ကျောင်းသား (၂၈)ဦးကို ဆုချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး၊ အဆို၊ အက၊ အငြိမ့်နှင့် Miss/ Mister ရွေးချယ်ပွဲများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ည(၁၀:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

output_YDvfZT



Back