Home » News » “(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား

“(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် “(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနား”ကို (၂၆-၈-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)တွင် စုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒေါက်တာအောင်ကျော်သင် (ပါမောက္ခချုပ်)မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို သမိုင်းဌာန၊ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာအေးအေးသွယ်က “ သမိုင်းထဲက အမျိုးသားနေ့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ ကမ္ဘာ့ခရီးသွားနေ့ (World Tourism Day) အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ၂၀၁၉ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ပါမောက္ခချုပ်က ဆုချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၁၁:၃၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

 

 

output_Gfpywn



Back