Home » News » ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၃၀-၈-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စုံညီခန်းမ၌ စတင်ကျင်းပခဲ့ပါသည်။အဆိုပါ အခမ်းအနားကို ဓာတုဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်မြင့်စိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာသက်ဉာဏ်လွင်က သွေးလှူဒါန်းခြင်းဆိုင်ရာ သိကောင်းစရာများ၊ ဒုခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာသီသီခိုင်က မျိုးဆက်ပွားနှင့် သားဆက်ခြားဆိုင်ရာ အသိပညာပေး၊ ဗန်းမော်ခရိုင် ငှက်ဖျားဌာနမှ လက်ထောက်ငှက်ဖျားရောဂါမှူး ဦးနေဝင်းက ခြင်နှင့်ခြင်လောက်လန်း နှိမ်နှင်းရေးအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ လာရောက်ဟောပြောပေးပါသော ကျန်းမာရေးမှူးများအား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ပြီး၊ အခမ်းအနားကို နံနက်(၁၂:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

output_zb0Zkk



Back