Home » News » ဗန်းမော်တက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား

ဗန်းမော်တက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား

ဗန်းမော်တက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်  ပထမနှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား

ဗန်းမော်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို (၁၁-၁၂-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာအောင်ကျော်သင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်၊ ဝိဇ္ဇာဘာသာရပ်များ ကိုယ်စား ပထဝီဝင် ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းနိုင်၊ သိပ္ပံဘာသာရပ်များ ကိုယ်စား ဓာတုဗေဒ ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်မြင့်စိန်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။ သင်တန်းရေးရာ ဌာနမှူး ဦးလူမော်က သင်တန်းရေးရာနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ပါသည်။ အခမ်းအနားကို နံနက် (၁၁:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

output_R9hSr7



Back